Nadehlaing
တင်သမျှpostအသစ်များကိုစောင်.ကြည်.ချင်သူများအတွက်.မိမိနှစ်သက်ရာစာမျက်နှာကို.follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ...စာမျက်နှာတစ်ခုချင်းစီကိုသီးခြားခွဲထုပ်ထားတဲ.အတွက်ကြောင်.ပါ....မူလစာမျက်နှာပေါ်မှာတော.postအသစ်တွေသိပ်မတင်ဖြစ်ပါဘူး။အဆင်ပြေအောင်တော.ဆောင်ရွက်ပေးနေပါတယ်။

Thursday, June 27, 2013

လှပကျော့ရှင်းသည့် အမျိုးသမီးတဦး၏ ရင်သားသည်ယောင်္ကျတွေအတွက်အားဖြစ်စေသလား

လှပကျော့ရှင်းသည့် အမျိုးသမီးတဦး၏ ရင်သားအလှကို နေ့စဉ် (၁၀)မိနစ်စီ ကြည့်ရှုခံစားခြင်းသည် အမျိုးသားများအတွက် ကျန်းမာရေးကောင်းမွန်စေကြောင်း သိရှိရသည်။

ယင်း အလေ့အကျင့်ကြောင့် ရရှိလာသည့် လှုံဆော်မှုသည် နာရီဝက် ကြာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညီမျှကြောင်း ဒေါက်တာ ကာရန် ၀ီသာဘီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ၀ီသာဘီ ဦးဆောင်သော ဂျာမနီနိုင်ငံ ဆေးရုံ(၃)ခုမှ ဆရာဝန်များသည် အမျိုးသားအယောက်(၂၀၀) တို့၏ နေ့စဉ် ဓလေ့စရိုက် များကို (၅)နှစ် အချိန်ယူ လေ့လာခဲ့ကြရာ ၎င်းတို့အနက် ထက်ဝက်သည် မနက်လင်းချိန်တွင် အရင်ဆုံး မြင်ချင်သည့် ကိစ္စမှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသည့် အမျိုးသမီးတဦး၏ ခန္ဓာကိုယ်အလှဖြစ်ကြောင်း ပြောကြားထားပြီး ကျန်တ၀က်မှာမူ ထိုကိစ္စအတွက် ထောက်ခံခြင်းမပြုဘဲ ကြားနေကြသည်။

ပညာရှင်များသည် ပထမအဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့ ဆန္ဒအတိုင်းဆောင်ရွက်ရန် ခွင့်ပြုထားပြီး ကျန်အဖွဲ့ကိုမူ နှစ်သက်ရာ အာရုံအလိုက် ခံစားခွင့်ပေးထားသည်။

(၅)နှစ်ကြာပြီးနောက် နေ့စဉ်နေ့တိုင်း အမျိုးသမီးများ၏ လှပသော ရင်သားကိုအရသာခံ ကြည့်ရှုခွင့်ရသည့် အမျိုးသားများသည် သွေးဖိအား ပြဿနာ၊ သွေးကြောနှင့် ဆိုင်သောရောဂါများ၊ သွေးခုန်နှုန်း မမှန်ကန်မှုများ ဖြစ်ပေါ်နိုင်ခြေ သိသိသာသာကျဆင်းသွားသည်ကို လေ့လာတွေ့ရှိခဲ့သည်။

လိင်နှင့်ဆိုင်သည့် စိတ်လှုပ်ရှားမှုသည် နှလုံးအား ပိုမိုလှုပ်ရှား သက်ဝင်စေကာ သွေးလှည့်ပတ် စီးဆင်းမှုကို လျင်မြန်ကောင်းမွန်စေသည်။

ထို့ကြောင့်လည်း လိင်စိတ်ကို လှုံဆော်ပေးနိုင်သည့် ရင်သားအလှကို နေ့စဉ်ခံစားထိတွေ့နေသည့် အမျိုးသားများအတွက် ကျန်းမာရေး ပိုမိုကောင်းမွန်နေသည်မှာ မေးခွန်းထုတ်စရာ မလိုသည့် ရလဒ်ဖြစ်ကြောင်း ဒေါက်တာဝီသာဘီက ရှင်းပြခဲ့သည်။

ထို့အပြင် ထိုအပြုအမူကို ကာလရှည်ကြာ ပြုလုပ်ပါက နှလုံးရောဂါဖြစ်နိုင်ခြေ ထက်ဝက်မျှ ကျဆင်း နိုင်သည်ဟုလည်းဆိုသည်။

ထို့ကြောင့်လည်း ဒေါက်တာဝီသာဘီက အမျိုးသားများ (အထူးသဖြင့် အသက် ၄၀ ကျော် ပုဂ္ဂိုလ်များ)သည် D-Cup အရွယ်၊ သို့မဟုတ် ပိုကြီးသော အမျိုးသမီးရင်သားများကို နေ့စဉ်နေ့တိုင်း (၁၀)မိနစ်မျှ ခံစားကြည့်ရှုသင့်ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်ကို ဂျာမဏီနိုင်ငံထုတ် နယူးအင်္ဂလန် ဆေးပညာဂျာနယ်တွင် ဖေါ်ပြထားသည်။

အမျိုးသမီးတွေရဲ့ ရင်သား-ထိပ်ဖျား Nipples ကို ထိကိုင်တာ လုပ်ပေးရင် လိင်စိတ် နိုးထစေသလား

Photo: အမျိုးသမီးတွေရဲ့ ရင်သား-ထိပ်ဖျား Nipples ကို ထိကိုင်တာ လုပ်ပေးရင် လိင်စိတ် နိုးထစေတာ လူတိုင်း သိပါတယ်။ ဒါပေမဲ့ ဘာကနေ ဘယ်လို ဖြစ်ရတယ်ဆိုတာ ဆရာဝန်တွေက ရှင်းမပြနိုင်ခဲ့ဘူး။ အခု သုတေသန တခုက ရှင်းပြလိုက်ပြီ။

အမေရိကားမှာ ရှိတဲ့ Rutgers University က စိတ်ပညာရှင် တွေ့ရှိလာတာက အမျိုးသမီးတွေ ရင်သား-ထိပ်ဖျားကို Aroused နှိုးဆွ ပေးရင် သုတို့ရဲ့ Genitals လိင်အင်္ဂါကို အဲလို လုပ်တဲ့အတိုင်း ဦးနှောက်ရဲ့ နေရာတူမှာ လာသက်ရောက်စေတယ် တဲ့။

အမျိုးသမီးတွေကို သူတို့ဖါသာသူတို့ နို့ကို နှိုးဆွခိုင်းပြီး Brain scans ရိုက်စစ်တဲ့အခါ Vagina ဗဂျိုင်းနားနဲ့ Clitoris မ-အစိ နေရာတွေကို နှိုးဆွပေးတဲ့အတိုင်း Same spot နေရာ အတူတူမှာဘဲ သက်ရောက်မှု ရှိတာ သိလာတာ ဖြစ်ပါတယ်။

ဒီသုတေသနအရ Nipples တွေဟာလဲ Erogenous zone ဖြစ်တယ်ဆိုတာ သေခြာစေတယ်။ အသက် ၂၃ နဲ့ ၅၆ နှစ် ကြားရှိသူ ကိုယ်ဝန် မဆောင်တဲ့ အမျိုးသမီး ၁၁ ဦးကို Brain scanner ထဲမှာထား စမ်းသပ်ခဲ့တာ ဖြစ်တယ်။ ဦးနှောက်ထဲမှာ တွေ့ရတာက ဦးနှောက် အပေါ်ပိုင်း အလည်မှာရှိတဲ့ Medial paracentral lobule မှာ Cluster of grapes စပျစ်သီးခိုင်လို နေရာကို တွေ့ပါတယ်။ ယောက်ျားတွေမှာလဲ အဲဒီနေရာပါဘဲ။

သုတေသနမှူး Barry Komisaruk ကနေ ပြောတာက "ကျွန်တော့် Speculation အထင်ပြောရရင် အမျိုးသမီးတွေမှာ ရင်သားဟာ လိင်စိတ်ကို နှိုးဆွပေးနိုင်တယ်လို့ ယူဆကြတာရဲ့ အခြေခံပါဘဲ။ ဦးနှောက်မှာ လိင်အင်္ဂါတွေနဲ့ အတူတူ သက်ရောက်တာကိုး။"

မ-လိင်အင်္ဂါတွေကနေ ဦးနှောက်ဆီကို သတင်းအချက်အလက် သယ်ပို့ပေးတဲ့ အာရုံကြော ၄ ချောင်းရှိပါတယ်။ မ-အစိ Clitoris က Pudendal nerve (ပြူဒင်တယ်လ်-နာ့ဖ်)၊ (ဗဂျိုင်းနာ) က Pelvic nerve (ပဲလ်ဗစ်-နာ့ဖ်) Cervix သားအိမ်ဝနဲ့ Uterus သားအိမ်တွေက Hypogastric nerve (ဟိုက်ပို-ဂက်စထစ်-နာ့ဖ်) တွေ ဖြစ်ကြတယ်။

Paralysed women လေဖြတ်တဲ့ အမျိုးသမီးတွေလဲ Orgasm (အော်ဂဇင်) လိင်ဆန္ဒ ပြည့်ဝ ပြီးစီးတာ ရနိုင်တယ်။ ဘာလို့လဲဆိုတော့ Cervix သားအိမ်ဝက Vagus nerve (ဗေးဂတ်စ်-နာ့ဖ်) ကို သုံးနိုင်တာမို့ Spinal cord ခါးထဲက အာရုံကြောကြီးကို ဖြတ်ပြီး သတင်း အချက်အလက် ပို့နိုင်လို့ ဖြစ်ပါတယ်။

Komisaruk က ဆက်ပြောတာက "Breast feeding ကလေးကို နို့တိုက်တဲ့အခါမှာ အဲလို လာဖြစ်မယ်ဆိုတာ မဖြစ်လောက်ဘူး။"

Stimulating the nipples နို့သီး-ထိပ်ဖျားကို ထိကိုင်ပေးရင် Oxytocin hormone (အောက်စီတိုဇင်) ဟော်မုန်း ထွက်လာစေတယ်။ ဒီဟော်မုန်းဟာ ကလေး မီးဖွါးတဲ့ အချိန်မှာ ထွက်လာနေကြ ဖြစ်တယ်။ သူထွက်မှ သားအိမ်က တင်း-ကြုံ့လာလို့ ကလေး မွေးစေတာ ဖြစ်ပါတယ်။ သားအိမ်ညှစ်အား နည်းနေသူတွေကို တမင်တကာ ဒီဟော်မုန်းကို Drip ထဲထည့် IV သွေးပြန်ကြောထဲကနေ ဖြေးဖြေးချင်း သွင်းပေရတယ်။ မီးဖွါးပြီး၊ အချင်းချပြီးလဲ IM အသားဆေး ထိုးပေးမှ မီးဖွါးပြီး သွေးသွန်တာ သက်သာစေပါတယ်။အမျိုးသမီးတွေရဲ့ ရင်သား-ထိပ်ဖျား Nipples ကို ထိကိုင်တာ လုပ်ပေးရင် လိင်စိတ် နိုးထစေတာ လူတိုင်း သိပါတယ်။ ဒါပေမဲ့ ဘာကနေ ဘယ်လို ဖြစ်ရတယ်ဆိုတာ ဆရာဝန်တွေက ရှင်းမပြနိုင်ခဲ့ဘူး။ အခု သုတေသန တခုက ရှင်းပြလိုက်ပြီ။

အမေရိကားမှာ ရှိတဲ့ Rutgers University က စိတ်ပညာရှင် တွေ့ရှိလာတာက အမျိုးသမီးတွေ ရင်သား-ထိပ်ဖျားကို Aroused နှိုးဆွ ပေးရင် သုတို့ရဲ့ Genitals လိင်အင်္ဂါကို အဲလို လုပ်တဲ့အတိုင်း ဦးနှောက်ရဲ့ နေရာတူမှာ လာသက်ရောက်စေတယ် တဲ့။

အမျိုးသမီးတွေကို သူတို့ဖါသာသူတို့ နို့ကို နှိုးဆွခိုင်းပြီး Brain scans ရိုက်စစ်တဲ့အခါ Vagina ဗဂျိုင်းနားနဲ့ Clitoris မ-အစိ နေရာတွေကို နှိုးဆွပေးတဲ့အတိုင်း Same spot နေရာ အတူတူမှာဘဲ သက်ရောက်မှု ရှိတာ သိလာတာ ဖြစ်ပါတယ်။

ဒီသုတေသနအရ Nipples တွေဟာလဲ Erogenous zone ဖြစ်တယ်ဆိုတာ သေခြာစေတယ်။ အသက် ၂၃ နဲ့ ၅၆ နှစ် ကြားရှိသူ ကိုယ်ဝန် မဆောင်တဲ့ အမျိုးသမီး ၁၁ ဦးကို Brain scanner ထဲမှာထား စမ်းသပ်ခဲ့တာ ဖြစ်တယ်။ ဦးနှောက်ထဲမှာ တွေ့ရတာက ဦးနှောက် အပေါ်ပိုင်း အလည်မှာရှိတဲ့ Medial paracentral lobule မှာ Cluster of grapes စပျစ်သီးခိုင်လို နေရာကို တွေ့ပါတယ်။ ယောက်ျားတွေမှာလဲ အဲဒီနေရာပါဘဲ။

သုတေသနမှူး Barry Komisaruk ကနေ ပြောတာက "ကျွန်တော့် Speculation အထင်ပြောရရင် အမျိုးသမီးတွေမှာ ရင်သားဟာ လိင်စိတ်ကို နှိုးဆွပေးနိုင်တယ်လို့ ယူဆကြတာရဲ့ အခြေခံပါဘဲ။ ဦးနှောက်မှာ လိင်အင်္ဂါတွေနဲ့ အတူတူ သက်ရောက်တာကိုး။"

မ-လိင်အင်္ဂါတွေကနေ ဦးနှောက်ဆီကို သတင်းအချက်အလက် သယ်ပို့ပေးတဲ့ အာရုံကြော ၄ ချောင်းရှိပါတယ်။ မ-အစိ Clitoris က Pudendal nerve (ပြူဒင်တယ်လ်-နာ့ဖ်)၊ (ဗဂျိုင်းနာ) က Pelvic nerve (ပဲလ်ဗစ်-နာ့ဖ်) Cervix သားအိမ်ဝနဲ့ Uterus သားအိမ်တွေက Hypogastric nerve (ဟိုက်ပို-ဂက်စထစ်-နာ့ဖ်) တွေ ဖြစ်ကြတယ်။

Paralysed women လေဖြတ်တဲ့ အမျိုးသမီးတွေလဲ Orgasm (အော်ဂဇင်) လိင်ဆန္ဒ ပြည့်ဝ ပြီးစီးတာ ရနိုင်တယ်။ ဘာလို့လဲဆိုတော့ Cervix သားအိမ်ဝက Vagus nerve (ဗေးဂတ်စ်-နာ့ဖ်) ကို သုံးနိုင်တာမို့ Spinal cord ခါးထဲက အာရုံကြောကြီးကို ဖြတ်ပြီး သတင်း အချက်အလက် ပို့နိုင်လို့ ဖြစ်ပါတယ်။

Komisaruk က ဆက်ပြောတာက "Breast feeding ကလေးကို နို့တိုက်တဲ့အခါမှာ အဲလို လာဖြစ်မယ်ဆိုတာ မဖြစ်လောက်ဘူး။"

Stimulating the nipples နို့သီး-ထိပ်ဖျားကို ထိကိုင်ပေးရင် Oxytocin hormone (အောက်စီတိုဇင်) ဟော်မုန်း ထွက်လာစေတယ်။ ဒီဟော်မုန်းဟာ ကလေး မီးဖွါးတဲ့ အချိန်မှာ ထွက်လာနေကြ ဖြစ်တယ်။ သူထွက်မှ သားအိမ်က တင်း-ကြုံ့လာလို့ ကလေး မွေးစေတာ ဖြစ်ပါတယ်။ သားအိမ်ညှစ်အား နည်းနေသူတွေကို တမင်တကာ ဒီဟော်မုန်းကို Drip ထဲထည့် IV သွေးပြန်ကြောထဲကနေ ဖြေးဖြေးချင်း သွင်းပေရတယ်။ မီးဖွါးပြီး၊ အချင်းချပြီးလဲ IM အသားဆေး ထိုးပေးမှ မီးဖွါးပြီး သွေးသွန်တာ သက်သာစေပါတယ်။

တသားမွေး တသွေးလှ

“တသားမွေး တသွေးလှ” ဆိုတာ အပေါ်ယံကြည့် ပြောကြတာများတယ်။ အတွင်းအင်္ဂါတွေပါ ကျန်းမာ သန်စွမ်းဘို့ လိုသေးတယ်။ အမျိုးသမီး ကြီး-ငယ်မဟူ၊ အပျိုရော အအိုပါ၊ တဒ်ါလာမှ မကုန်ဘဲ၊ အထဲက အင်္ဂါမှန်သမျှ ပြန်ကောင်းအောင် လုပ်လို့ရတဲ့နည်း၊ အသုံးများပေမဲ့ အသစ်နဲ့မခြား အားကောင်းနေစေမဲ့ နည်းကို ရေးပါမယ်။ Kegel exercises လို့ပိုပြီး လူသိများတယ်။

ကိုယ်ဝန် တခါဆောင်ရင် တခါ အတွင်းအင်္ဂါတွေ အားနဲစေတယ်။ ကြာရင် အိမ်ထောင်ရေးကိုပါ ထိခိုက်နိုင်တယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် ဝင်နိုင်တယ်။ စားဆေး-ထိုးဆေးနဲ့ မရပါ။ နတ်ရေကန်ထဲလဲ ဆင်းမရ၊ Pelvic floor exercises လုပ်မှ ကောင်းတယ်။ အိမ်ထောင် မကျသေးသူတွေလဲ တချို့ ဖြစ်တတ်လို့ ငါန်းဇွန်နယ်မှာ တယောက် ခွဲတောင် ပေးရသေးတယ်။ Prolapse uterus သားအိမ်ကျ၊ Cystocele ဆီးအိမ်ကျ၊ Rectocele အစာဟောင်းအိမ်ကျ၊ Urinary incontinence ဆီးမထိန်းနိုင်တာ။ ဒီလို ရောဂါတွေသာမက (ဗဂျိုင်းနား) ကြွက်သားတွေ အားပြော့နေတာလဲ ကျန်းမာရေး-လူမှုရေး ပြဿနာဘဲ။

တင်ပါးဆုံ-အရိုးကွင်းထဲမှာ အင်္ဂါတွေ အများကြီး ရှိတယ်။ ယောက်ျား-မိန်းမ နဲနဲမတူကြဘူး။ လူတယောက်ကို တဖက် မျက်နှာမူ ခိုင်းပြီး ဘေးတည့်တည့်ကနေ ကြည့်ရင် ရှေ့ဆုံးမှာ Pubis ဆီးစပ်ရိုး၊ နောက်မှာ Bladder ဆီးအိမ်၊ နောက်မှာ မိန်းမတွေမှာသာရှိတဲ့ Uterus သားအိမ်၊ နောက်ဆုံးမှာ Rectum အစာဟောင်းအိမ် ရှိတယ်။ ယောက်ျားတွေမှာသာ ဆီးအိမ် အောက်ကပ်နေတဲ့ Prostate ဆီးကြိတ် ရှိတယ်။ မိန်းမတွေမှာ သားအိမ် အောက်က တဆက်ထဲ Vagina မွေးလမ်းကြောင်း ရှိတယ်။ အစာဟောင်းအိမ် အောက်က ဆက်နေတာက Anus စအို။

ဒီအင်္ဂါတွေကို သူ့နေရာသူ ပုံမှန်ရှိနေအောင် Muscles ကြွက်သား၊ Fascia အရွတ်ပြားတွေကနေ ထိန်းပေး-တည့်ပေး-မ ပေးထားတယ်။ ထိန်း-တည့်-မ လုပ်ပေးတာတွေ အားနဲလာရင် ပြောခဲ့သလို အမျိုးမျိုး ဖြစ်လာစေနိုင်တယ်။ သိတဲ့အတိုင်း ကြွက်သားဆိုတာ လေ့ကျင့်ပေးရင် သန်မာစေနိုင်လို့ လေ့ကျင့်ပေးရမယ်။

အရင်ဆုံး ဘယ်ကြွက်သားတွေကို လေ့ကျင့်ရမလဲ သိအောင်လုပ်ရတယ်။ ဆွဲကိုင် မပြနိုင်လို့ သင်ပြပေးရတယ်။ လွယ်ပါတယ်။ ကိုယ့်ဖါသာ ဆီးသွားနေရင်း ဆီးမကုန်ခင် ဆီးသွားတာ ရပ်သွားအောင် ကြိုးစားကြည့်ပါ။ ဘယ်နေရာကို Squeeze and lift ညှစ်၊ မ-တင်ပေးရင် ဆီးရပ်မလဲဆိုတာ ကိုယ်တိုင် သိလာလိမ့်မယ်။ စအိုနဲ့ မွေးလမ်းပေါက်တွေကို ပိတ်ပြီး ဆွဲတင်သလို လုပ်ရတယ် မဟုတ်လား။ Upward and inward အထက် နဲ့ အတွင်းထဲဆီကိုပါ။

သေခြာအောင် စစ်မယ်။ လေ့ကျင့်နေတုံးမှာ တင်ပါးကို ဆွဲတင်တာ လှုတ်တာ မဖြစ်စေပါနဲ့။ ပေါင်-ခြေတွေလဲ ညှစ်တာမျိုး မလုပ်ရပါ။ အသက် အောင့်စရာ မလိုပါ။ သိပြီဆိုရင် သက်တောင့် သက်သာ အနေအထား (လှဲနေရင်း) စလုပ်ပါ။ အဆင်ပြေလာတဲ့အခါ ထိုင်ရင်း လုပ်ပါ။ နောက်ဆိုရင် အလုပ် လုပ်နေရင်းလဲ လုပ်ပါ။ အချိန်မရွေး လုပ်နိုင်ပါတယ်။ ကြွက်သားတွေကို ညှစ်ထိန်းထာတာကို အစမှာ ၂ စက္ကန့်၊ နောက် ၁ဝ စက္ကန့်ကြာအောင် ကြိုးစားပါ။

ကျွမ်းကျင်လာပြီဆိုရင် ဗိုလ်သင်တန်း တက်ရအောင်။ အသက် မှန်မှန် ရှူပါ။ ကြွက်သားတွေကို ဆွဲတင်ပြီးနောက် ပြန်လျှော့ချတာကို ဇတ်ကနဲ လုပ်လိုက်ပါ။ တင်းတာထက် ချတာက မြန်ပါစေ။ ၁ဝ ကြိမ် ဆက်တိုက် လုပ်ပါ။ တခါလုပ် ၈-၁ဝ ကြိမ်၊ တနေ့မှာ ၃ ခါလုပ်ပါ။ တကယ်လို့ ကိုယ့်က ချို့ယွင်းနေလို့ ပြုပြင်ရသူဆိုရင် ပိုလုပ်ရပါမယ်။ ချို့ယွင်းနေတယ် ဆိုတာ၊ သားအိမ် ကျချင်နေတာ၊ ဆီး အထိန်းရခက်တာ၊ (ဗဂျိုင်းနား)မှာ တစ်ဆို့ဆို့ ဖြစ်နေတာ၊ (ဗဂျိုင်းနား) တင်းအား လျှော့နေတာ။

ပွင့်ပွင့်လင်းလင်း ရေးပါရစေ။ အဲလိုမျိုး လုပ်တာကို ကိုယ့်ခင်ပွန်းနဲ့ အတူနေတုံးမှာ ကိုယ်က လုပ်တာကို သူက ခံစားပြီး သိပါလိမ့်မယ်။ အိမ်ထောင်မရှိသူတွေလဲ သေခြာအောင် (ဗဂျိုင်းနား) ထဲ လက်ချောင်း ၂ ချောင်းထည့်ပြီး လေ့ကျင့်တဲ့အခါ လက်ကို ဖိအား သက်ရောက်လာတာကို သိနိုင်တယ်။

ဒီလေ့ကျင့်ခန်းဟာ ဆီးမထိန်းနိုင်တဲ့ရောဂါ Stress urinary incontinence ကိုပါ ကုနိုင်တယ်။ ပိုဆိုးတဲ့ Urge urinary incontinence ကိုတော့ မရနိုင်ပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာပါ လုပ်သင့်တယ်။

အမျိုးသမီးတိုင်းမှာ သတိထားစရာတွေ ရှိတယ်။ ဝမ်းချုပ်လို့ ညှစ်ရတာ၊ အလေးအပင် မ-တာ၊ ချောင်းဆိုး၊ နှာချေ၊ ရီမောတဲ့ အခါမျိုးတိုင်းမှာပါ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို ထိန်းပေးထားရမယ်။ လက်လွတ်စပယ် မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ဆောင့်ကြောင့် မထိုင်ပါနဲ့။ Toilet သုံးတာမှာ ဒူးကို ၉ဝ ဒီ၈ရီ ထားလို့ရတာမျိုးသာ သုံးပါ။ ပက်လက် အိပ်နေရင်း ခြေထောက် မြှောက်တာကို ၂ ဖက်လုံး တပြိုင်နက် မလုပ်ပါနဲ့။ လုပ်ရရင်လဲ သတိရှိပါ။ မတ်တပ်ရပ်နဲ့ ခြေ ၂ ဖက် ဆန့်ပြီး ခါးကုံးတာမျိုး ဆင်ခြင်ပါ။ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို တွန်းထုတ်သလို မဖြစ်စေနဲ့။ ဆီးသွားတာကို တကယ် ဆီးအိမ်တင်းနေမှသာ သွားပါ။ ဝမ်း မချုပ်ပါစေနဲ့။ ဒါပေမဲ့ ဝမ်းနုတ်ဆေး ခဏခဏ မသောက်ပါနဲ့။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်နဲ့ ဝမ်းသွားအောင် လုပ်ပါ။ ဝမ်း-ဆီး များများ သွားရရင် ORS ဓါတ်ဆားရည် သောက်ပါ။ ရေနွေးကြမ်း သောက်ပါ။ အုန်းရည် သောက်ပါ။ ငှက်ပျောသီး၊ လိမ်မော်သီး စားပါ။

စိတ်လဲ လှပါစေ၊ ကိုယ်လဲ အပြင်ကရော အတွင်းထဲကပါ လှကြပါစေ။

Dr. တင့်ဆွေ

မီးနီဖြတ်ခြင်း…(သို့) ရာသီလာစဉ်လိင်ဆက်ဆံခြင်း

မီးနီဖြတ်ခြင်း…(သို့) ရာသီလာစဉ်လိင်ဆက်ဆံခြင်း
အမျိုးသမီး၌ရာသီလာနေပါက လိင်ဆက်ဆံမှုပြုရန် ယောက်ျားတိုင်းလိုလိုပင် ၀န်လေးတတ်ကြပါသည်…။အကြောင်းမှာ ရာသီလာခြင်းသည်
လိင်အင်္ဂါများမှ အညစ်အကြေး ၊ မကောင်းသောသွေးများဆင်းခြင်းဟု ထုံးတမ်းအစဉ်အလာအရ ယူဆယုံကြည်ထားသောကြောင့်ဖြစ်သည်

အမှန်အားဖြင့် ရာသီလာခြင်းမှာ မိန်းမကိုယ်မှအညစ်အကြေး ၊ သွေးများစွန့်ထုတ်ခြင်းမဟုတ်ပဲ သဘာဝအရပဋိသန္ဓေမရှိ၍ သားအိမ်အတွင်းမှေး
ကြွေကျခြင်းသာဖြစ်သည်…။ သို့ဖြစ်၍ရာသီလာခြင်းကို မည်သို့မျှရွံရှာစက်ဆုပ်စရာအကြောင်းမရှိပေ…။

မိန်းမသဘာဝအရ ရာသီမလာမှီနှင့် လာနေစဉ်ကာလအတွင်း မိန်းမ၏လိင်အင်္ဂါများသည် သွေးဖြင့်ပြည့် လျက် ဖောင်းနေတောင့်တင်းနေ
တတ်ပါသည်။လိင်အင်္ဂါများတောင့်တင်းတိုင်း လိင်စိတ်ထကြွတတ်ရာ ဤအချိန်များ၌မိန်းမတို့၏ကာမဆန္ဒစိတ်သည်ပိုမိုတက်ကြွကြပေသည်။
သို့ပါ၍ရာသီလာနေစဉ်ကာလအတွင်း မိန်းမတို့၏သွေးသားဆန္ဒလိုအပ်ချက်အရ လိင်ဆက်ဆံမှုကို ကြိုဆိုတောင့်တနေတတ်ကြပေသည်။
ရာသီလာနေစဉ်အတောအတွင်း လိင်ဆက်ဆံဖို့ အခြေအနေမပေးပါက အနည်းဆုံး သူစိမ်းယောက်ျားတစ်ယောက်နှင့် ပွတ်သီးပွတ်သပ်နေလို
ခြင်းတော့ဖြစ်တတ်ပေသည်…။

သို့ရာတွင် ရာသီလာစဉ်လိင်ဆက်ဆံမှုပြုပါက မိန်းခလေးများအနေဖြင့် အောက်ပါအချက်များကိုသတိပြုရပေမည်..။
၁) သွေးဖြင့်တင်းနေသောမိန်းမလိင်အင်္ဂါများသည် လိင်ဆက်ဆံမှုပြုခြင်းကြောင့် သွေးပိုမိုများလာပြီး ရာသီသွေးပိုဆင်းနိုင်ပါသည်။
၂) သွေးသည်ရောဂါပိုးများအတွက် အစာလည်းဟုတ် ၊ တွယ်ကပ်နေရန်နေရာတစ်ခုလည်းဟုတ်ပေရာ ရာသီလာစဉ်လိင်ဆက်ဆံပါက မိန်းမ
အင်္ဂါများထဲသို့ ရောဂါပိုးများဝင်ရောက်ရန် အထူးလွယ်ကူပါသည်။ သို့ပါ၍ရာသီလာစဉ်လိင်ဆက်ဆံမှုပြုချင်ကြသော မိန်းမသားတို့အနေဖြင့်
မိမိနှင့်လိင်ဆက်ဆံသောယောက်ျား၏လိင်တံမှာ ကျန်းမာသန့်စင်ဖို့လိုပါသည်။ ရောဂါပိုးများ မခိုမကပ်ပဲ ကင်းစင်နေအောင် လိင်ဆက်ဆံမှု
မပြုမီ နှစ်ဦးစလုံးစင်ကြယ်သန့်စင်သွားအောင် သန့်ရှင်းရေးလုပ်ဖို့လိုပါသည်။ မိန်းမဖြစ်သူ၏လိင်အင်္ဂါများ မထိခိုက် မပွန်းပဲ့စေရန် ညင်သာစွာ
ဆက်ဆံသောနည်းကိုသုံးရပါမည်။
၃) ရာသီမလာမီ လိင်ဆက်ဆံပါက သားအိမ်ထိခိုက်လှုပ်ရှားစေနိုင်သော မိန်းမမှောက်ခုံ ၊ လေးဘက်ထောက်(Doggy Style)စသည့် ပုံစံများ
ဖြင့် မဆက်ဆံသင့်ပါ။ (ထိုသို့ပြုလုပ်ပါက မိန်းမ၏တင်ဆုံကွင်းအတွင်းသွေးပိုမိုဝင်စေသဖြင့် ရာသီလာသောအခါ သွေးပိုမိုဆင်းတတ်ပေသည်။
၎) လာရိုးလာစဉ်ထက်သွေးပိုမိုဆင်းနေပါက စိတ်ဆန္ဒပြင်းပြနေသော်လည်း လိင်ဆက်ဆံမှုကိုလုံးဝရှောင်ကြဉ်ရပေမည်။မနေနိုင်၍လိင်ဆက်
ဆံဖြစ်ပါက ပိပိအတွင်းသို့ လိင်တံနက်ရှိုင်းစွာဝင်စေသောနည်းကို ရှောင်ကြဉ်ရပါမည်။ (ဤအချက်ကိုမလိုက်နာပါက ရာသီအလာမရပ်ပဲသွေး
ဆင်းလွန်နိုင်ပါသည်။)
၅) မီးနီဖြတ်(ရာသီလာစဉ်လိင်ဆက်ဆံ)ပါက မဆက်ဆံမီနှင့်ဆက်ဆံပြီးစတွင် နှစ်ဦးစလုံး၏လိင်အင်္ဂါများ ၊လိင်အင်္ဂါများပတ်လည်တ၀ိုက်နှင့်
လက်များကို ဆပ်ပြာ ၊ ရေနွေးများဖြင့် စင်ကြယ်အောင်ဆေးကြောသုတ်သင်ရပါမည်။ ဤသို့သန့်ရှင်းပေးပါမှ မိန်းမ၏လိင်အင်္ဂါများအတွင်းသို့
ရောဂါပိုးများ ၀င်ရောက်ပျံ့ နှံ့ ခြင်းကို ကာကွယ်နိုင်သကဲ့သို့ ယောက်ျားဖြစ်သူ၏ကိုယ်အစိတ်အပိုင်းကိုလည်း ရာသီသွေးမပေစေပဲ သန့်ရှင်းစင်
ကြယ်စေမည်ဖြစ်သည်။ ရောဂါပိုးမ၀င်အောင် ကွန်ဒုံစွတ်၍မဆက်ဆံသင့်ပါ..။ အကြောင်းမှာ ၎င်းကွန်ဒုံများသည် ရောဂါပိုးမ၀င်ရောက်စေရန်
အကာအကွယ်မဖြစ်သည်သာမက နူးညံ့ သောယောနိကိုလည်း အလွယ်တကူပွန်းပဲ့စုတ်ပြဲစေနိုင်သဖြင့် ရောဂါပိုးပိုမိုကူးစက်စေနိုင်ပါသည်။
၆) မိန်းမ၏လိင်အင်္ဂါဇာတ် ၊ နှုတ်ခမ်းသားများနှင့် လိင်စေ့ကို ပွတ်တိုက်လှုံ့ ဆော်၍ ဆက်ဆံမှုမပြုသင့်ပါ။ ယောနိအင်္ဂါအတွင်းသို့လည်းလက်
ဖြင့်နှိုက်၍မလှုံ့ ဆော်သင့်ပါ။ လှုံ့ ဆော်ပါက အထက်ပါအင်္ဂါများ ဒဏ်ရာရ ပွန်းပဲ့စေနိုင်ပါသည်။
၇) လိင်ဆက်ဆံမှုပြုစဉ် ခပ်ကြမ်းကြမ်းမဆက်ဆံသင့်ပဲ ညင်သာစွာဆက်ဆံရပေမည်။ ခပ်ကြမ်းကြမ်းဆက်ဆံပါက ရာသီသွေးပိုမိုဆင်းနိုင်ပါ
သည်။ မိန်းမဖြစ်သူတွင် ခါးလည်းနာနိုင်ပါသည်။
သို့ရာတွင် ရာသီလာစဉ်လိင်ဆက်ဆံပါက သာမန်အချိန်ဆက်ဆံမှုနှင့်မတူပဲ အမျိုးသမီးများအနေဖြင့် ထူးကဲသောခံစားမှုအရသာများကိုရရှိနိုင်
ပေသည်။ သို့ဖြစ်၍မိန်းမအတော်များများသည် ရာသီလာစဉ်လိင်ဆက်ဆံလိုစိတ် အထူးရှိကြကြောင်းတင်ပြလိုက်ရပေသည်။
                          @facebook

Thursday, June 13, 2013

အချစ်(လိင်)ဟာ ဆေးဝါး တစ်မျိုးပါ


အသက် (၁၈) ပြည့်မှ ဖတ်ပါ။ အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။
၁။ အရွယ်တင်နုပျိုစေပါတယ်
တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။
“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။
ပိုမိုကောင်းမွန်အောင်
ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်
တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။
ပိုမိုကောင်းမွန်အောင်
ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။
၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်
အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။
ပိုမိုကောင်းမွန်အောင်
တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။
၎။ နာကျင်မှု ပျောက်စေပါတယ်
လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။ပိုမိုကောင်းမွန်အောင်
သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ လိင်ဆက်ဆံမှုပုံစံအမျိုးမျိုးကိုပြောင်းပေးပါ။
နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။

Wednesday, June 12, 2013

အမျိုးသမီးတွေ ပြီးတယ်ဆိုတာ…

ပထမဆုံးက အဖြေရကျပ်ဆို နှာချေတာ၊ ဒါမှမဟုတ် သမ်းဝေတာနဲ့ နှိုင်းလိုက်ရင် အဖြေရကျပ်တယ်ဆိုတာ ရှင်းသွားမှာပါ။ နှာချေချင်တဲ့အခါ ဟတ်ချိုးလို့ ချေလိုက်ရချိန်မှာ ဘယ်လို ခံစားရလဲလို့ မေးရင် ဘယ်သူ ဖြေနိုင်မလဲ။ ကိုယ်ခန္ဒာမှာ အဲဒီ့အချိန် ဘယ်လိုဖြစ်သလဲ၊ ဘာလဲ၊ နှာချေတယ်ဆိုတာ ဘာလဲ။ ဖြေကြည့်စေချင်ပါတယ်။ လူတိုင်း ချေဖူးပေမယ့် နှာချေတယ်ဆိုတာ ဘယ်လိုလေးပါလို့ အင်မတန် အပြောရ ခက်ပါတယ်။ သမ်းလိုက်တာလည်း အတူတူပါပဲ။ ပါးစပ်ကို အားရပါးရ ဟပြီး ၀ါးခနဲ သမ်းလိုက်တာတော့ မှန်တယ်။ အဲဒါ ဘာလဲ၊ ဘယ်လို ခံစားရလဲဆိုတာ အလွန် အဖြေရခက်လှပါတယ်။ အမျိုးသမီးတစ်ယောက် ပြီးတယ်ဆိုတာလည်း အလားတူပါပဲ၊ အဖြေရ ကျပ်လှပါတယ်။
အမျိုးသားတစ်ယောက်အတွက်ကျတော့ သူ့ငယ်ပါကနေ သုက်ရည်တွေ ထွက်ကုန်တာကို ပြီးတယ်လို့ အပြတ်အသား ပြောနိုင်ပါတယ်။ အမျိုးသမီးမှာကျတော့ အဲလို ရုပ်လက္ခဏာနဲ့ လက်ဆုပ်လက်ကိုင် ပြစရာ ဘာမှ မရှိဘူး။
နောက်တစ်ချက်က အနောက်တိုင်း သုတေသနများအရ အမျိုးသမီး ၂၅ % သာလျှင် ချစ်တင်းနှောရင်း (၀ါ) လိင်ဆက်ဆံရင်းနဲ့ ပြီးနိုင်ပါတယ်။ ယောက်ျားကျတော့ ၉၀ % ကျော်ဖြစ်နေတာနဲ့ကို ဒါဟာ အင်မတိ အင်မတန် ဖြစ်တောင့်ဖြစ်ခဲဆိုတာ သေချာနေပါတယ်။
မကြာသေးခင်က ကြုံခဲ့ဖူးတာ တစ်ခုရှိပါတယ်။ အသက် ၆၀ ကျော် မိတ်ဆွေသစ်တစ်ဦးနဲ့ ခရီးအတူသွားဖြစ်ကြရင်း ရင်းနှီးလာလို့ သည်ကိစ္စတွေ ပြောဖြစ်ကြတဲ့အခါ သူက အမျိုးသမီးတွေ မပြီးဘူးလားလို့ တအံ့တသြ မေးလာပါတယ်။ တကယ်တော့ သူဟာ မြေးရနေပြီဖြစ်တဲ့ ကလေးသုံးယောက် ဖခင်ပါ။ ဒါနဲ့ ကျွန်တော်လည်း သူ့ကို မေးမိတယ်။ “ဘာလဲ အစ်ကိုကြီးက အစ်ကိုကြီး မိန်းမကို ပြီးလားလို့ မေးတတ်တယ် မဟုတ်လား”ဆိုတော့ ဟုတ်တယ်လို့ သူက ဖြေပါတယ်။ ဒါနဲ့ “ဟိုကလည်း ခေါင်းညိတ်တယ်၊ ဒါမှမဟုတ် ပြီးတယ်လို့ ပြောတာချည်းပဲ မဟုတ်လား”ဆိုတော့ သူက ဟုတ်တယ်တဲ့။ ကျွန်တော့်မှာ တအား ရယ်ချင်သွားပေမယ့် သူ့ကိုရော သူ့မိန်းမ အမယ်ကြီးကိုပါ သနားမိသွားပါတယ်။  ကျွန်တော်တို့မှာက သည်လိုအကြောင်းအရာတွေကို လူသိရှင်ကြား ချပြဆွေးနွေးလို့ မရတာမို့ အများစုဟာ ထင်တစ်လုံးနဲ့ ရမ်းကြိတ်နေကြပါတယ်။ သူလို အမျိုးသားတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ၉၀ % မက ရှိနေမှာလည်း အသေအချာပါပဲ။
ကိုင်း… အမေးရှိတော့ အဖြေရှိလာပါပြီ။
ပထမဆုံး လိင်ဆက်ဆံမှု မစတင်ခင် အပျိုးကာလက အရေးကြီးပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ မတူပါဘူး။ အမျိုးသားတွေကတော့ “ဆင်လိုက်တုန်းတောင် ငယ်ပါတင်းနိုင်ကြသူများ”ဖြစ်ပေမယ့် အမျိုးသမီးတွေက ဆင်လိုက်တာ ဝေးစွ၊ စိတ်ထဲမှာ တစ်ခုခု ကြောင့်ကြနေမိတာနဲ့ လိင်စိတ်နိုးကြားဖို့ အင်မတန် ခက်ခဲပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာနေပေမယ့် အမျိုးသမီးတွေရဲ့ အတွေးထဲမှာ မိသားစုကိစ္စတွေ၊ စီးပွားရေးကိစ္စတွေ၊ လူမှုရေးကိစ္စတွေက လွှမ်းမိုးထားစမြဲပါ။ ဒါ့ကြောင့် အပျိုးကာလနဲ့ သူတို့ကို စိတ်ပြောင်းအောင် လုပ်ပေးဖို့ လိုပါတယ်။
အပျိုးမှာ အဆင့်ဆင့်ရှိပါတယ်။ ပထမဆုံးက လင်ကိုမယား စိတ်လက် ကြည်ကြည်သာသာနဲ့ ကြည်ကြည်နူးနူး ရှိအောင် လုပ်ဖို့ လိုပါလိမ့်မယ်။ လက်ကလေး ကိုင်တာ၊ ပါးကလေးနမ်းတာ၊ ဆံပင်ကလေး နမ်းတာလေးတွေဟာ တကယ့် အပျိုးပါပဲ။ အိမ်ထောင်သက် နှစ်ပေါင်း ၃၀ ပဲ ရှိနေနေ မပျက်မကွက် လုပ်ဆောင်ရမယ့်အထဲမှာ အဲဒါတွေ ပါပါတယ်။
အဲဒီ့ကမှတစ်ဆင့် အရှိန်လေး နည်းနည်း ရပြီဆိုရင် ပြင်သစ်အနမ်း၊ အနမ်းစို စသဖြင့် ခေါ်တဲ့ နှုတ်ခမ်းချင်း နမ်းတာက ဆက်လာရပါတော့မယ်။ သည်မှာလည်း လင်ရယ် မယားရယ်ဖြစ်လာမှတော့ တစ်ယောက်တစ်ယောက် ရွံနေလို့ မရတော့ပါဘူး။  ဒါ့အပြင် မြန်မာ အမျိုးသမီးအတော်များများက အဲဒီ့အနမ်းကို မတုံ့ပြန်တတ်ဘူး။ ရွံ့နေတတ်တယ်။ အဲတော့ အမျိုးသားက သင်ပေးဖို့ လိုပါတယ်။ အမျိုးသားကလည်း တတ်ဖို့ လိုတာပေါ့ဗျာ။ ပြင်သစ်အနမ်း ဋီကာကို နောက်ကျတော့မှ တစ်ပုဒ် သတ်သတ် ရေးပေးမယ်။ ဟုတ်ပြီလား။
အဲဒီ့အဆင့်ကနေ နောက်တစ်ဆင့် တက်ရာမှာလည်း မလောရပါဘူး။ ယောက်ျားအများစု မှားတတ်တဲ့ အမှားက နမ်းရင်းနဲ့ သူ့လက်ကြီးက အမျိုးသမီးရဲ့ ရင်သားဆီ တန်းရောက်သွားတတ်တာပဲ။ ဟား… အလွဲကြီး ခင်ဗျ။
အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဒာမှာ အာရုံနိုးတဲ့နေရာတွေ များစွာ ရှိပေမယ့် ရင်သားကို တန်းသွားတာကြီးက နေရာမကျဘူးခင်ဗျ။ ဖက်ထားရင်းကနေ လက်မောင်းလေး ပွတ်၊ ကျောလေးပွတ် လုပ်ရတယ်။ ရင်ခုန်လာအောင် နှူးရတယ်။ သူ့လက်ကြီးက ငါ့ရင်သားဆီ ရောက်လာတော့မှာ… ဟော… ရောက်တော့မယ်… ဟင်… ဟုတ်လဲ ဟုဘ်ဘူး… အဲဒီ့ ရွှေလက်က ဘယ်ရောက်သွားရပြန်တာလဲ မောင်ရယ်… ဟင့်… ဆိုတာမျိုး ဖြစ်လာအောင် စိတ်ရှည်လက်ရှည် လုပ်နိုင်လေ အခြေအနေ ကောင်းလေလေပါပဲ။
အဲလိုနဲ့ ရင်သားတွေကို ညင်ညင်သာသာ ထိတွေ့ပေးရပါတယ်။ ချိုလုံးလေးတွေကိုလည်း အတူတူပေါ့။ ညင်သာဖို့ လိုပါတယ်။ အမျိုးသမီးအနေနဲ့ သူ့ကို ချစ်တယ်၊ မြတ်နိုးတယ်၊ ယုယတယ်ဆိုတဲ့ ခံစားမှု ရလာအောင် လုပ်ရမှာပါ။ နှုတ်ခမ်းချင်း ဂဟေဆက်ထားတာလည်း မပျက်စေဘဲ လက်က ရင်သား၊ ခြေထောက်က ခြေထောက်ချင်း ပွတ်သီးပွတ်သပ် ကယုကယင် နေပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
အဲဒီ့ကမှ အရှိန်လေး တော်တော်ရပြီဆိုရင်တော့ နှုတ်ခမ်းကို နေရာ ရွှေ့လို့ ရပါပြီ။ သည်နေရာမှာ ပစ်မှတ်က ချိုလုံးတွေ ဖြစ်ပေမယ့် အဲဒါကိုလည်း အလောတကြီး မဟုတ်ဘဲ သိုင်းသိုင်းဝိုင်းဝိုင်း ဖွဲ့ဖွဲ့နွဲ့နွဲ့လေး လုပ်ပေးတတ်ဖို့ လိုပြန်ပါတယ်။ လုပ်တတ်ရင် အမျိုးသမီးဘက်က အတော့်ကို အဆင်သင့်ဖြစ်လာပါပြီ။
ပါးစပ်က နေရာရွေ့သွားတော့ လက်က အားနေတယ်၊ ဘာလုပ်ရမလဲလို့ မေးရင် အဖြေရှိပါတယ်။ လက်က ဗိုက်သား၊ ဆီးခုံ၊ ပေါင်၊ ဒူး စတာတွေကို ညင်သာစွာ ထိတွေ့ပေးနေနိုင်ပါတယ်။ သည်မှာလည်း ဦးတည်ချက်က ယောနိဖြစ်ပေမယ့် ရင်သားမှာတုန်းကလိုပဲ အမျိုးသမီးက အလိုချင် အတောင့်တဆုံး အခြေအနေ ဖြစ်လာတဲ့အထိ ရစ်သီ ရစ်သီနဲ့ အရစ်ရှည်နိုင်လေ အကျိုးရှိလေပါ။ တကယ်လို့ အဲဒီ့နေရာကို လက်နဲ့ မဟုတ်ဘဲ ပါးစပ်နဲ့ပဲ စခန်းသွားလိုသေးတယ်ဆိုရင်လည်း လက်က ယောနိကလွဲလို့ ခါးအောက်ပိုင်း ကျန်တဲ့ နေရာအနှံ့ကို ထိတွေ့ထားနိုင်ပါတယ်။
ပါးစပ်နဲ့ ထိတွေ့ဖို့ ကြံရင်လည်း ချက်ချင်း တန်းမသွားသင့်သေးဘူး။ အမျိုးသမီး သိပ်လိုချင်လာအောင် ရစ်သီရစ်သီ လုပ်ပေးဖို့ လိုတယ်ခင်ဗျ။
ဒါဟာ အပျိုးကာလပါပဲ။ အတွေ့အကြုံ နည်းသူ အမျိုးသမီးများအတွက် အဲဒီ့ အပျိုးကာလဟာ နာရီဝက် ၄၅ မိနစ်လောက် အချိန်ယူဖို့ လိုပါတယ်။ အိမ်ထောင်သက် ရင့်နေတယ်ဆိုရင်တောင်မှ အပျိုးကို အဖျင်းဆုံး မိနစ် ၂၀ လောက် အချိန်ယူရပါမယ်။ ကြာလေ၊ အချိန်ဆွဲနိုင်လေ၊ အမျိုးသမီးအတွက် အရှိန်တက်လေပါ။
အဲလို အရှိန်တက်လာတဲ့အခါမှာတော့ အမျိုးသမီးဟာ မသိမသာလေး နွေးလာပါလိမ့်မယ်။ စိတ်ဆန္ဒတွေ တက်ကြွလာပါလိမ့်မယ်။ သူ့ကိုယ်ခန္ဒာက သွေးတွေကလည်း ယောနိနဲ့ ယောနိထိပ်က အကြောဆိုင် အဖုအထုံး (အစေ့လေး)ဆီကို တိုးနေပါပြီ။ သည်အချိန်မှာ ယောနိအတွင်းပိုင်းနံရံကလည်း တဖြည်းဖြည်းနဲ့ ချွေးသီးချွေးပေါက်များကျသလို စိမ့်ရာက နစ်လာပါတော့မယ်။ သည်အချိန်မှာမှ လိင်ဆက်ဆံမှု လုပ်ရတော့မှာပါ။
အဲလိုနဲ့ အာရုံက ဆင့်ကာ ဆင့်ကာ နိုးလာတဲ့အခါမှာတော့ သွေးက တင်ပါးဆုံရိုးတ၀ိုက်မှာ ဆက်ပြီး တိုးနေပါတယ်။ အသက်ရှူလည်း ပြင်းလာတယ်။ နှလုံးခုန်နှုန်းလည်း တက်လာပါပြီ။ ယောနိရဲ့ အတွင်းပိုင်းကလဲ ငယ်ပါကို ဆုပ်ညှစ်ဖို့အတွက် ကျဉ်းသွားသလို အပြင်ပိုင်းကကျပြန်တော့ ငယ်ပါကို ကြိုဆိုဖို့အတွက် ကျယ်လာပါတယ်။
အားလုံး အဆင်ပြေနေပြီ၊ အနှောင့်အယှက် ကင်းနေပြီ၊ ဖုန်းလည်း ထမမြည်ဘူး၊ ကိုယ့်ခင်ပွန်းကလည်း အခြေအနေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ လိင်အင်္ဂါတွေ၊ တင်ပါးဆုံတွေ၊ တင်ပါးတွေ၊ ဆီးခုံတွေနဲ့ ပေါင်တွေဆီက အာရုံကြောများနဲ့ ကြွက်သားများဟာ တဖြည်းဖြည်း တင်းသထက် တင်းလာပါတော့မယ်။ တင်းရင်းတင်းရင်းကနေ ဟာခနဲ ဖြစ်သွားပြီး သာယာမှုအပေါင်း ခညောင်းစွာ အားလုံး ပွင့်ထွက်သွားသလို ခံစားလိုက်ရပါမယ်။ အဲဒါ ပြီးတာပါပဲ။
အဲသလို ပြီးလိုက်ချိန်မှာ သားအိမ်၊ ယောနိနဲ့ စအိုတို့က ၀.၈ စက္ကန့်မှာ တစ်ကြိမ်နှုန်းလောက်နဲ့ ကြုံ့ကြုံ့သွားပါလိမ့်မယ်။ သိပ် ပြင်းပြင်းထန်ထန် ပြီးတာ မဟုတ်ဘဲ တော်ရုံပြီးတာဆိုရင် အဲလို ကြုံ့တာက သုံးကြိမ်မှ ငါးကြိမ်လောက်သာ ဖြစ်ပါတယ်။ တကယ့်ကို အပြင်းထန်ဆုံး ပြီးတယ်ဆိုရင်တော့ ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိ ဖြစ်တတ်ပါတယ်။ အဲဒါမှ ပြီးတာ အစစ်ပါ။
အဲလို ပြီးခြင်းဟာ အစေ့ကို တိုက်ရိုက် လှုံ့ဆော်လို့သော်လည်းကောင်း၊ ယောနိကို လှုံ့ဆော်လို့သော်လည်းကောင်း၊ နှစ်ခုလုံး ပေါင်းရုံးထားတဲ့ အပေါ်မှာသော်လည်းကောင်း မူတည်နေတတ်သလို အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး။
တချို့အမျိုးသမီးတွေကျတော့ ပြီးချိန်မှာ တခြားကိုယ်ခန္ဒာအစိတ်အပိုင်းတွေ ဖြစ်တဲ့ ခြေဖျားတွေပါ ကုပ်သွားတတ်သလို မျက်နှာမှာလည်း မဲ့ရှုံ့သွားတတ်တယ်။ တချို့ကျတော့ ထူးဆန်းတဲ့ အသံတွေနဲ့ ညည်းညူတယ်။ အများစုကတော့ ရုတ်တရက် နာကျင်သွားသလို မျက်နှာထားမျိုးနဲ့ ဖြစ်သွားတတ်ပါတယ်။ အမှန်တော့ နာကျင်တာ မဟုတ်ပါဘူး။
နယ်သာလန်နိုင်ငံ တက္ကသိုလ်တစ်ခုရဲ့ နောက်ဆုံးတွေ့ရှိချက်အရဆိုရင်တော့ သည်အချိန်မှာ အမျိုးသမီးတွေရဲ့ ဦးနှောက်ထဲက ကြောက်ရွံ့မှုနဲ့ ခံစားမှုများကို ထိန်းချုပ်နေတဲ့ အစိတ်အပိုင်းတွေ ရပ်ဆိုင်းသွားတယ်လို့ ဆိုပါတယ်။ ရုတ်တရက် သတိလက်လွတ် ဖြစ်သွားတယ်ပေါ့။
သိပ်သေချာတဲ့ အချက်တစ်ချက်က အမျိုးသမီးအများစုအတွက်က အစေ့ကို မပြတ် လှုံ့ဆော် မပေးနိုင်ဘူးဆိုရင် ပြီးဖို့ အင်မတန် ခဲယဉ်းတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါ့ကြောင့် အမျိုးသမီးတွေ လိင်ဆက်ဆံရင်းနဲ့ ပြီးချင်ရင်၊ ပြီးစေချင်ရင် အမျိုးသမီးက အပေါ်ကနေတဲ့ ကိုယ်နေဟန်ထားက အသင့်တော်ဆုံးပါပဲ။ ဒါမှ သူ့ကိစ္စအတွက် သူ့ဘာသာ လိုသလို ချိန်ညှိလို့ ရနိုင်သလို အစေ့နဲ့ အမျိုးသားရဲ့ ငယ်ပါအရင်း ဆီးခုံအောက်နားက အသားနဲ့ မပြတ်ထိတွေ့အောင်လည်း ကြံဆောင်နိုင်ပါလိမ့်မယ်။
သည်လောက်ဆိုရင် အမျိုးသမီး ပြီးတယ်ဆိုတာနဲ့ ပတ်သက်လို့ လိုတာထက် ပိုပြီး အတော်လေး ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်ခဲ့ပြီလို့ ယူဆပါတယ်။
စာကြွင်း -  တကယ် သည်ကိစ္စတွေကို လေ့လာ သိရှိထားတဲ့ ယောက်ျားဆိုရင် ကိုယ့်ဇနီးကိုယ် “ပြီးလား”လို့ မေးစရာ မလိုပါဘူး။ မမေးဘဲ သိနိုင်ပါတယ်။ မေးပြီဆိုကတည်းက အဲဒီ့ယောက်ျားသားဟာ အပြာစာအုပ်တွေ၊ အပြာရုပ်ရှင်တွေရဲ့ သွန်သင်မှု အလွဲအမှားတွေကိုသာ နှလုံးသွင်းထားလေတဲ့ “ငတုံး”လို့သာ မှတ်ကြပါခင်ဗျား။